ကိုယ်ပိုင် Online ဆိုင်ကို
မိနစ်ပိုင်းအတွင်း ဖွင့်လိုက်ပါ

Comment ထဲမှာ အော်ဒါတွေ လိုက်ရှာရတဲ့ ဒုက္ခ မရှိတော့ဘူး။ ဝယ်သူက ZayWal ပေါ်က ကိုယ့်ဆိုင်မှာ စိတ်ကြိုက်ရွေးချယ် ငွေလွှဲရုံပဲ၊ ဆိုင်ရှင်က ZayWal App ထဲကနေ ခလုတ်တစ်ချက်နှိပ်ပြီး အတည်ပြုလိုက်ရုံပါပဲ။

  • Commission 0%
  • ဘဏ်ကတ် မလိုပါ
  • Free Plan သက်တမ်း ကန့်သတ်ချက်မရှိ
zaywal.shop/shwemoe

ရွှေမိုး Fashion

ရန်ကုန် · COD ရတယ်

ခြင်းတောင်း (၁)
ချိတ်လုံချည်

ချိတ်လုံချည်

၄၅,၀၀၀ ကျပ်

ပိုးအင်္ကျီ

ပိုးအင်္ကျီ

၂၈,၀၀၀ ကျပ်

လက်ကိုင်အိတ်

လက်ကိုင်အိတ်

၃၂,၀၀၀ ကျပ်

ဖိနပ်

ဖိနပ်

၂၅,၀၀၀ ကျပ်

ZayWal Seller

အခုလေးတင်

အော်ဒါ #1042 — ငွေလွှဲ screenshot ရောက်လာပြီ (၄၅,၀၀၀ ကျပ်)

အတည်ပြု (ငွေရပြီ)ငြင်းပယ်မယ်

ပို့ဆောင်ရမယ့် လူသုံးကုန်ပဲဖြစ်ဖြစ်၊ ဖိုင် / link / code စတဲ့ Digital ပစ္စည်းပဲဖြစ်ဖြစ် — စိတ်ကြိုက် ရောင်းချနိုင်ပါတယ်

  • အဝတ်အစား
  • ဖိနပ်
  • အိတ်
  • အလှကုန်
  • လက်ဝတ်ရတနာ
  • အစားအသောက်
  • လက်မှုပစ္စည်း
  • ကလေးပစ္စည်း
  • အိမ်သုံးပစ္စည်း
  • ဖုန်း Accessories
  • စာအုပ်
  • အပင်
  • E-book / PDF
  • Template / Preset
  • Design / Artwork
  • Photo / Wallpaper
  • Music / Beat

Facebook မှာ ရောင်းနေသူတွေအတွက်

Chat ထဲ အော်ဒါလိုက်ရှာပြီး အချိန်ကုန်မခံပါနဲ့တော့

အော်ဒါတစ်ခုအတွက် စာတွေ အပြန်အလှန် ပို့မေးနေရတာ၊ ငွေလွှဲ Screenshot ရှာမတွေ့တာ၊ ပစ္စည်းကုန်နေတာကို မှားရောင်းမိတာ စတဲ့ ပြဿနာတွေက ဆိုင်ရှင်ရဲ့ အဖိုးတန်အချိန်တွေကို အများကြီး ကုန်ဆုံးစေပါတယ်။

ယခင် — Messenger ထဲမှာ ရောင်းရတဲ့ ပုံစံ

ဒီအင်္ကျီလေး ဘယ်လောက်လဲ

၂၈,၀၀၀ ပါရှင့်

L size ရှိသေးလား

ခဏစစ်ပေးမယ်နော်

ငွေလွှဲပြီးပြီ

screenshot.jpg

ဘယ်နေ့ ရောက်မလဲ

စာပေါင်းများစွာ အပြန်အလှန် ပို့ပြီးပေမဲ့ — ဘယ် size၊ ဘယ်လိပ်စာ၊ ငွေတကယ်ဝင်မဝင် မသေချာသေးဘူး

ZayWal နဲ့ဆိုရင်

#1042

ငွေရရှိပြီး
ပစ္စည်း
ပိုးအင်္ကျီ · L · ၁ ထည်
ဝယ်သူ
မသီတာ · ၀၉ ၄၅၀ ၁၂၃ ၄၅၆
ပို့ရမယ့်နေရာ
ရန်ကုန် · ကမာရွတ်
ငွေပေးချေမှု
KBZPay · screenshot စစ်ပြီး
စုစုပေါင်း
၂၈,၀၀၀ ကျပ်

အော်ဒါ အချက်အလက်အားလုံး တစ်နေရာတည်းမှာ အပြည့်အစုံပါပြီးသား — ဘာမှ ထပ်မေးစရာ မလိုတော့ဘူး

ပါဝင်တဲ့ လုပ်ဆောင်ချက်များ

ဆိုင်ရှင်တိုင်းအတွက် လိုအပ်တာတွေ အကုန်ပါဝင်တယ်

လက်ရှိ အသင့်သုံးနိုင်တဲ့ လုပ်ဆောင်ချက်တွေဖြစ်ပြီး၊ နောက်ထပ် ထည့်သွင်းပေးသွားမယ့် စနစ်သစ်တွေကိုတော့ “မကြာခင်” လို့ သီးသန့် ခွဲပြထားပါတယ်။

ZayWal ပေါ်မှာ ကိုယ်ပိုင် ဆိုင်စာမျက်နှာ

Facebook Page လိုပဲ ZayWal ဈေးထဲမှာ မိမိဆိုင်နာမည်နဲ့ ဆိုင်စာမျက်နှာ ရရှိပါမယ်။ ဝယ်သူတွေက ဖုန်း App နဲ့ Website ကနေ ရှာဖွေဝယ်ယူနိုင်ပြီး ပစ္စည်းအသစ်တင်တာနဲ့ ချက်ချင်း ပြသပေးပါတယ်။

zaywal.shop/shwemoe
ချိတ်လုံချည်

ချိတ်လုံချည်

၄၅,၀၀၀ ကျပ်

ပိုးအင်္ကျီ

ပိုးအင်္ကျီ

၂၈,၀၀၀ ကျပ်

လက်ကိုင်အိတ်

လက်ကိုင်အိတ်

၃၂,၀၀၀ ကျပ်

App ထဲမှာ ချက်ချင်း အသိပေးချက်

အော်ဒါအသစ် ဝင်လာတာနဲ့ ငွေလွှဲ Screenshot တွေကို Seller App ထဲမှာ ချက်ချင်း အသိပေးပါတယ်။ ခလုတ်တစ်ချက် နှိပ်ရုံနဲ့ ငွေရရှိကြောင်း အလွယ်တကူ အတည်ပြုနိုင်ပါတယ်။

ZayWal Seller

အခုလေးတင်

အော်ဒါ #1042 — ငွေလွှဲ screenshot ရောက်လာပြီ (၄၅,၀၀၀ ကျပ်)

အတည်ပြု (ငွေရပြီ)ငြင်းပယ်မယ်

Stock အမှားအယွင်း မရှိတော့ဘူး

ဝယ်သူ ငွေလွှဲစစ်ဆေးနေချိန်မှာ ပစ္စည်းကို သီးသန့် ဖယ်ထားပေးပါတယ်။ ၂၄ နာရီအတွင်း ငွေမလွှဲပါက အော်ဒါကို အလိုအလျောက် ပယ်ဖျက်ပြီး Stock စာရင်းထဲ ပြန်ဖြည့်ပေးပါတယ်။

ပိုးအင်္ကျီ · Lကျန် ၂

#1042 အတွက် ချန်ထားပြီ · ၂၃:၅၉ ကျန်

ရောင်းရငွေ အားလုံး ကိုယ့်အကောင့်ထဲ တိုက်ရိုက်

ZayWal အနေနဲ့ ကြားကနေ ငွေကိုင်ထားတာ မရှိပါဘူး။ ရောင်းရငွေအားလုံးကို ရာခိုင်နှုန်း (Commission) လုံးဝ မဖြတ်ဘဲ ကိုယ့်အကောင့်ထဲ တိုက်ရိုက် ရောက်ရှိပါမယ်။

0%

ဘယ် Plan မှာမဆို Commission လုံးဝမယူပါ

ဝယ်သူ ပေးချေငွေ
၁၀၀,၀၀၀ ကျပ်
ZayWal ဖြတ်တောက်ငွေ
၀ ကျပ်
ကိုယ့်အကောင့်ထဲ ရောက်ရှိငွေ
၁၀၀,၀၀၀ ကျပ်

ဝယ်သူအတွက် Account ဖွင့်စရာမလို

ဝယ်သူအနေနဲ့ ဖုန်းနံပါတ်လေး ထည့်ပြီး အော်ဒါတင်ရုံပါပဲ။ အော်ဒါနံပါတ်နဲ့ ဖုန်းနံပါတ် ရိုက်ထည့်ပြီး အော်ဒါအခြေအနေကို အချိန်မရွေး ပြန်စစ်နိုင်သလို Digital ပစ္စည်းဆိုရင်လည်း ချက်ချင်း Download ဆွဲယူနိုင်ပါတယ်။

အော်ဒါနံပါတ် 1042
ဖုန်းနံပါတ် 09 450 123 456
အော်ဒါ အခြေအနေ ကြည့်မယ်

အော်ဒါအားလုံးကို တစ်နေရာတည်းမှာ စီမံနိုင်တယ်

ငွေစစ်ရန်၊ ငွေရရှိပြီး၊ ပစ္စည်းပို့ပြီး — အော်ဒါတိုင်းရဲ့ အခြေအနေကို Dashboard တစ်ခုတည်းကနေ မြန်မာလိုဖြစ်စေ၊ အင်္ဂလိပ်လိုဖြစ်စေ စိတ်ကြိုက် စီမံခန့်ခွဲနိုင်ပါတယ်။

  1. အော်ဒါဝင်
  2. ငွေစစ်ရန်
  3. ငွေရရှိပြီး
  4. ပစ္စည်းပို့ပြီး

စတင်အသုံးပြုပုံ

လွယ်ကူတဲ့ အဆင့် ၄ ဆင့်နဲ့ ဆိုင်ဖွင့်မယ်

Online ပေါ်မှာ တစ်ခါမှ မရောင်းဖူးသေးရင်တောင် အလွယ်တကူ စတင်နိုင်ပါတယ်။ နည်းပညာ ကျွမ်းကျင်စရာ မလိုသလို ဖုန်းတစ်လုံးတည်းနဲ့တင် အကုန်လုပ်လို့ ရပါတယ်။

အခုပဲ စတင်မယ်
  1. ၁

    ဆိုင်နာမည် ရွေးချယ်ပါ

    မိမိနှစ်သက်တဲ့ ဆိုင်နာမည်နဲ့ ဆိုင်လိပ်စာ ရွေးချယ်ပြီး အီးမေးလ်နဲ့ အကောင့်ဖွင့်ပါ။

  2. ၂

    ငွေလက်ခံမယ့် အကောင့် ထည့်သွင်းပါ

    မိမိ အသုံးပြုတဲ့ KBZPay၊ WavePay၊ ဘဏ်အကောင့် နံပါတ်တွေနဲ့ ပို့ဆောင်ခ နှုန်းထားတွေကို သတ်မှတ်ပါ။

  3. ၃

    ကုန်ပစ္စည်းများ တင်ပါ

    ကုန်ပစ္စည်း ပုံ၊ ဈေးနှုန်းနဲ့ လက်ကျန် Stock တွေ ထည့်သွင်းပါ။ E-book၊ Course၊ Template စတဲ့ Digital ပစ္စည်းတွေဆိုရင် ဖိုင် သို့မဟုတ် Link ထည့်ပေးရုံပါပဲ။

  4. ၄

    ဆိုင် Link ကို မျှဝေပြီး စရောင်းပါ

    မိမိရဲ့ ဆိုင် Link ကို Facebook၊ Telegram၊ Viber စတဲ့ Social Media တွေမှာ တင်ပြီး စတင် ရောင်းချနိုင်ပါပြီ။

ဝန်ဆောင်ခ ဈေးနှုန်းများ

ရိုးရှင်းပြီး ပွင့်လင်းမြင်သာတဲ့ ဈေးနှုန်း

Free၊ Starter၊ Pro နဲ့ Business ဆိုပြီး (၄) မျိုး ရှိပါတယ်။ ဘယ် Plan မှာမဆို Commission လုံးဝ မယူသလို အော်ဒါ အရေအတွက်လည်း ကန့်သတ်မထားပါဘူး။ အကောင့်သစ်တိုင်းအတွက် Pro Plan ကို (၁၄) ရက် အခမဲ့ စမ်းသပ် အသုံးပြုနိုင်ပါတယ်။

Free

၀ ကျပ်

သက်တမ်း ကန့်သတ်ချက်မရှိ၊ အမြဲတမ်း အခမဲ့

  • ZayWal ပေါ်မှာ ဆိုင်စာမျက်နှာ (၁) ဆိုင်
  • ကုန်ပစ္စည်း အခု ၅၀ အထိ တင်နိုင်တယ်
  • အော်ဒါ အရေအတွက် အကန့်အသတ်မရှိ လက်ခံနိုင်တယ်
  • KBZPay၊ WavePay၊ ဘဏ်ငွေလွှဲ၊ COD စနစ်များ ပါဝင်တယ်
  • App ထဲမှာ အော်ဒါ အသိပေးချက် ရရှိမယ်
  • ဆိုင်မှာ တိုက်ရိုက်ရောင်းတဲ့ Quick Sale နဲ့ Promo Code
  • FAQ ကနေ အကူအညီ ရှာဖွေနိုင်တယ်
အခမဲ့ စတင် အသုံးပြုမယ်

Starter

ဆိုင်အသေးလေးတွေအတွက်

၁၅၀,၀၀၀ ကျပ် / နှစ်

တစ်လကို ၁၂,၅၀၀ ကျပ်နှုန်းသာ ကျသင့်ပြီး (၁၂) လ သုံး၊ (၁၀) လစာပဲ ပေးရပါမယ်

  • Free Plan ပါ အချက်များ အားလုံး အပြင်
  • ကုန်ပစ္စည်း အခု ၂၀၀ အထိ တင်နိုင်တယ်
  • ဝန်ထမ်း အကောင့် (၂) ခု ခွဲပေးနိုင်တယ်
  • ZayWal က တိုက်ရိုက် ကူညီပေးမယ်
Starter နဲ့ စတင်မယ်

Pro

အကောင်းဆုံး ရွေးချယ်မှု

၃၀၀,၀၀၀ ကျပ် / နှစ်

တစ်လကို ၂၅,၀၀၀ ကျပ်နှုန်းသာ ကျသင့်ပြီး (၁၂) လ သုံး၊ (၁၀) လစာပဲ ပေးရပါမယ်

  • Starter Plan ပါ အချက်များ အားလုံး အပြင်
  • ဆိုင် (၃) ဆိုင်အထိ ဖွင့်နိုင်တယ်
  • ကုန်ပစ္စည်း အကန့်အသတ်မရှိ တင်နိုင်တယ်
  • ဝန်ထမ်း အကောင့် (၅) ခု ခွဲပေးနိုင်တယ်
Pro ကို (၁၄) ရက် အခမဲ့ စမ်းသုံးမယ်

Business

လုပ်ငန်းကြီးတွေအတွက်

၆၀၀,၀၀၀ ကျပ် / နှစ်

တစ်လကို ၅၀,၀၀၀ ကျပ်နှုန်းသာ ကျသင့်ပြီး (၁၂) လ သုံး၊ (၁၀) လစာပဲ ပေးရပါမယ်

  • Pro Plan ပါ အချက်များ အားလုံး အပြင်
  • ဆိုင် (၁၀) ဆိုင်အထိ ဖွင့်နိုင်တယ်
  • ဝန်ထမ်း အကောင့် (၁၅) ခု ခွဲပေးနိုင်တယ်
  • ဦးစားပေး ပြန်ဖြေမယ် (နေ့ချင်း)
  • နှစ်စဉ်ဆိုရင် Logo၊ Banner၊ အရောင် ပုံစံ Design လုပ်ပေးမယ်
Business နဲ့ စတင်မယ်

Plan တစ်ခုက အကောင့်တစ်ခုလုံးအတွက် ဖြစ်ပါတယ် — ကုန်ပစ္စည်းနဲ့ ဝန်ထမ်း အရေအတွက်ကို ဆိုင်အားလုံး ပေါင်းပြီး တွက်ပါတယ်။ အကောင့်သစ်တိုင်း Pro ကို (၁၄) ရက် အခမဲ့ စမ်းသုံးနိုင်ပြီး ပြီးရင် Free ကို အလိုအလျောက် ပြောင်းပါမယ်။

မကြာခင် ထည့်သွင်းပေးမယ့် စနစ်များ — ဆိုင်ရှင်များ တောင်းဆိုထားသည့် Feature များ

  • Facebook Messenger ချိတ်ဆက်မှု
  • အရောင်နှင့် Size ရွေးချယ်နိုင်သော ကုန်ပစ္စည်းများ
  • ဖုန်းနံပါတ်ဖြင့် အကောင့်ဝင်ခြင်း
  • အရောင်း အစီရင်ခံစာများ (Pro)

မေးလေ့ရှိသော မေးခွန်းများ

မကြာခဏ မေးလေ့ရှိသော မေးခွန်းများ

ဆိုင်ရှင်များ အများဆုံး မေးလေ့ရှိသည့် မေးခွန်းများနှင့် အဖြေများ ဖြစ်ပါတယ်။

ဝယ်သူ ပေးချေတဲ့ ငွေက ဘယ်အကောင့်ထဲကို ရောက်မှာလဲ?

မိမိရဲ့ KBZPay၊ WavePay သို့မဟုတ် ဘဏ်အကောင့်ထဲကို တိုက်ရိုက် ရောက်ရှိပါမယ်။ ZayWal အနေနဲ့ ကြားကနေ ငွေကိုင်ထားခြင်း မရှိသလို Commission ရာခိုင်နှုန်း လည်း လုံးဝ မဖြတ်ပါဘူး။

ဆိုင်ဖွင့်ဖို့ နည်းပညာ ကျွမ်းကျင်စရာ လိုသလား?

လုံးဝ မလိုပါဘူး။ ဆိုင်နာမည်လေး ပေးပြီး ကုန်ပစ္စည်းတင်ရုံပါပဲ။ ဖုန်းတစ်လုံးတည်းနဲ့တင် အလွယ်တကူ စီမံခန့်ခွဲနိုင်ပါတယ်။

Digital ပစ္စည်း (E-book၊ Course၊ Template) ရောင်းချလို့ ရပါသလား?

ရရှိနိုင်ပါတယ်။ ကုန်ပစ္စည်းတင်ရာမှာ "Digital" ကို ရွေးချယ်ပြီး ဖိုင် သို့မဟုတ် Link/Code ထည့်ပေးရုံပါပဲ။ ဝယ်သူအနေနဲ့ လိပ်စာနှင့် ပို့ခ မလိုဘဲ ငွေလွှဲ အတည်ပြုပြီးတာနဲ့ အော်ဒါစာမျက်နှာမှာ ချက်ချင်း ရရှိမှာ ဖြစ်ပါတယ်။

ဝယ်သူက ငွေလွှဲ Screenshot အတု ပို့လာရင် ဘယ်လိုလုပ်မလဲ?

မိမိရဲ့ KBZPay/WavePay အကောင့်ထဲကို ငွေအမှန်တကယ် ဝင်မဝင် စစ်ဆေးပြီးမှသာ အတည်ပြုပေးပါ။ ငွေစစ်ဆေးနေစဉ်အတွင်း အဆိုပါပစ္စည်းကို သီးသန့် ဖယ်ထားပေးတာကြောင့် တခြားဝယ်သူဆီ အမှားအယွင်း ထပ်ရောင်းမိမှာ မဟုတ်ပါဘူး။ အကယ်၍ ငွေမဝင်ရင် အော်ဒါကို ငြင်းပယ်နိုင်ပြီး ဝယ်သူဘက်ကလည်း Screenshot အမှန်ကို ပြန်လည်တင်ပြနိုင်ပါတယ်။

Plan ဝန်ဆောင်ခကို ဘယ်လို ပေးချေရမလဲ?

Dashboard ထဲက QR ကို KBZPay၊ WavePay၊ AYA Pay၊ CB Pay သို့မဟုတ် ဘဏ် App တစ်ခုခုနဲ့ Scan ဖတ်ပြီး ပေးချေရုံပါပဲ။ ငွေဝင်တာနဲ့ Plan ကို အလိုအလျောက် သက်တမ်းတိုးပေးပါတယ်။ Credit Card မလိုအပ်ပါဘူး။

ဆိုင် (၂) ဆိုင် ရှိရင် Plan (၂) ခု ဝယ်ရမလား?

မလိုပါဘူး။ Plan က အကောင့်တစ်ခုလုံးအတွက် ဖြစ်ပြီး ကုန်ပစ္စည်းနဲ့ ဝန်ထမ်း အရေအတွက်ကို ဆိုင်အားလုံး ပေါင်းပြီး တွက်ပါတယ်။ ငွေပေးရမယ့် ရက်လည်း တစ်ရက်တည်းပဲ ရှိပါတယ်။

Business Plan က Pro နဲ့ ဘာကွာလဲ?

ဆိုင် (၁၀) ဆိုင်၊ ဝန်ထမ်း (၁၅) ယောက်အထိ ရပြီး ဦးစားပေး ပြန်ဖြေပါတယ်။ နှစ်စဉ်ကြေးနဲ့ ယူရင် ဆိုင်ရဲ့ Logo၊ Banner၊ အရောင် ပုံစံ Design လုပ်ပေးတာ ပါပါတယ်။ ကုန်ပစ္စည်းတွေကိုတော့ ဆိုင်ရှင်ကိုယ်တိုင် တင်ရပါမယ်။

Plan ဆက်မသုံးတော့ရင် ဆိုင် ပိတ်သွားမှာလား?

လုံးဝ မပိတ်သွားပါဘူး။ Free Plan သို့ အလိုအလျောက် ပြန်လည်ပြောင်းလဲသွားမှာဖြစ်ပြီး စာရင်းဇယား အချက်အလက်တွေလည်း ပျက်မသွားပါဘူး။ Free Plan ကန့်သတ်ချက်ဖြစ်တဲ့ ကုန်ပစ္စည်း အခု (၅၀) ထက် ပိုနေပါက ပိုတဲ့ ပစ္စည်းတွေကို ဆိုင်မှာ ခေတ္တ ဖျောက်ထားပေးမှာဖြစ်ပြီး ဆိုင် တစ်ဆိုင်ထက် ပိုရှိရင် အဟောင်းဆုံး ဆိုင်ကလွဲပြီး ကျန်တဲ့ဆိုင်တွေကို ခေတ္တ ပိတ်ထားပေးပါမယ်။ Plan ပြန်ယူတာနဲ့ အားလုံး ချက်ချင်း ပြန်ပေါ်လာပါမယ်။

ZayWal ကို ဘယ်လို ဆက်သွယ်ရမလဲ?

Telegram မှာ t.me/bekyoverse ကို တိုက်ရိုက် စာပို့ပါ (Telegram ထဲမှာ @bekyoverse လို့ ရှာလည်း ရပါတယ်)။ BEKYOVerse က ZayWal ကို လုပ်ကိုင်တဲ့ ကုမ္ပဏီ ဖြစ်ပါတယ်။ Starter၊ Pro၊ Business Plan တွေမှာ Telegram ကနေ တိုက်ရိုက် ကူညီပေးပြီး Business ကို ဦးစားပေး ပြန်ဖြေပါတယ်။ Free Plan အတွက်တော့ ဒီ FAQ ကို အရင်ကြည့်ပေးပါ။ Plan ငွေပေးတာနဲ့ ပတ်သက်ရင်တော့ ဘယ် Plan မှာမဆို မေးလို့ရပါတယ်။

တခြား မေးစရာ ရှိသေးရင် Telegram ကနေ တိုက်ရိုက် မေးပါ။

Telegram မှာ မေးမယ်t.me/bekyoverse

ZayWal ပေါ်က ဆိုင်များ

ZayWal နဲ့ ရောင်းနေကြတဲ့ ဆိုင်တွေ

အားလုံး

ဒီနေ့ပဲ ZayWal ပေါ်က ဆိုင်လိပ်စာကို အခမဲ့ ရယူလိုက်ပါ

Free Plan နဲ့ အခုပဲ စတင်လိုက်ပါ။ အရောင်းသွက်လာမှ Starter၊ Pro သို့မဟုတ် Business ကို ပြောင်းလဲအသုံးပြုပါ။ မိမိနှစ်သက်တဲ့ ဆိုင်နာမည်ကောင်းလေးတွေ အခြားသူ မယူခင် အမြန်ဆုံး ယူထားလိုက်ပါ။